ကျိုက်ထို၊ ၂၄ မေ

ကျိုက်ထိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို မေ ၂၁ ရက်မှ စတင်ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထုတ်ပေးလျက်ရှိရာ ပင်စင်စားမိဘ ပြည်သူများက အေးချမ်းစွာ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။

အငြိမ်းစားပင်စင်လစာများအား လစဉ် ၂၁ ရက် နိုင်ငံဝန်ထမ်းများ လစာထုတ်ရက်မတိုင်မီ အဆင်ပြေစွာ ထုတ်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအတိုင်း ပင်စင်စား မိဘပြည်သူများအား ဘဏ်အတွင်းသို့ မဝင်မီ စနစ်တကျ လက်ဆေးစေခြင်း၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်ပြီးမှသာ ဝင်ရောက်စေခြင်းနှင့် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင် နေထိုင်စေရေးအတွက် မျဉ်းများသတ်မှတ်ကာ ထိုင်ခုံများစီစဉ်ပေးခြင်းဖြင့်  ပင်စင်လစာများအား စနစ်တကျ ထုတ်ပေးလျက်ရှိရာ မေ ၂၄ ရက်‌ထိ အငြိမ်းစားပင်စင်ဝန်ထမ်း ၈၅၇ ဦးအား ထုတ်ပေးပြီဖြစ်ကြောင်း ကျိုက်ထိုမြို့နယ် မြန်မာ့စီးပွား‌ရေးဘဏ် မန်နေဂျာ ဒေါ်ခင်မျိုးမြင့်ထံမှ သိရသည်။

၀င်းမောင်(ပြန်/ဆက်)