ထားဝယ်၊ ၂၅ မေ
ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)တွင် ထားဝယ်မြို့ ကျက်သရေဆောင် လောကမာရဇိန်ဘုရားကြီး အတွင်းရှိ မဟာဗောဓိညောင်ပင်တွင် မေ ၂၅ ရက် နံနက် ၈ နာရီက တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင်အောင်နှင့်အဖွဲ့ဝင်များက ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လောကမာရဇိန်ဘုရားကြီးအတွင်း တည်ထားကိုးကွယ်သော ဗုဒ္ဓရုပ်ပွားဆင်းတုတော်မြတ်အား တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူဇော်ပြီး ရွှေတောင်စားစေတီတော်မြတ်ကြီးအား ဖူမြော်ကြည်ညိုသည်။
ထိုနောက် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးတင်အောင်နှင့်အဖွဲ့ဝင်များက လောကမာရဇိန်ဘုရားကြီးဝင်းအတွင်း မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


