ငါးသိုင်းချောင်း၊ ၂၆ မေ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေ ၂၄ ရက်မှ စတင်ဆောင်ရွက်လျက်ရှိရာ မေ ၂၆ ရက် နံနက်ပိုင်း၌ အ.ထ.က ငါးသိုင်းချောင်းကျောင်းရှိ သက်ဆိုင်ရာအတန်းအသီးသီးတွင် ကျောင်းသားမိဘများ၊ ကျောင်းသားကျောင်းသူများ လာရောက်ကျောင်းအပ်နှံခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောင်းအပ်နှံရာတွင် အခကြေးငွေ ကောက်ခံခြင်းမရှိကြောင်း၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်/ခဲတံ၊ Mask၊ Face Shield တို့ကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ကျောင်းအပ်နှံခြင်းနှင့် အခြေခံပညာကျောင်းများ ဖွင့်လှစ်ခြင်းအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များ၊ လုံခြုံရေးအစီအစဉ်များဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်၌ စတင်ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

စိုးမင်းဦး(ပြန်/ဆက်)