ချောက်၊ ၂၆ မေ

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ မေ ၂၁ ရက်မှစ နံနက် ၅  နာရီမှ မွန်းလွဲ ၃ နာရီထိ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ချောက်မြို့ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်းကို အများပြည်သူရုံးပိတ်ရက်များအပ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိကြောင်းနှင့် မေ ၂၁ ရက်က အငြိမ်းစားဝန်ထမ်း ၁၀၈၈ ဦး၊ မေ ၂၄ ရက်က အငြိမ်းစားဝန်ထမ်း ၅၈၁ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်နှင့်အညီ ထုတ်ပေးလျက်ရှိပြီး ပင်စင်လစာငွေထုတ်ယူမည့် အငြိမ်းစားဝန်ထမ်း စုစုပေါင်း ၃၂၁၅ ဦးရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ကျော်မိုး(ပြန်/ဆက်)