ကော့သောင်း၊ ၂၆ မေ
ကော့သောင်းမြို့၊ ကမ်းနားလမ်း မြန်မာ့ရှေ့ဆောင်ဘဏ်သို့ လျှပ်စစ်ဓာတ်အားပို့လွှတ်သည့် ဓာတ်တိုင်ရှိ ထရန်စဖော်မာ၏ မိန်းဘုတ်ခုံမှ ဝါယာရှော့ဖြစ်ကာ မေ ၂၆ ရက် နံနက် ၇ နာရီခန့်က မီးလောင်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ကော့သောင်းမြို့၊ ကမ်းနားလမ်းရှိ မြန်မာ့ရှေ့ဆောင်ဘဏ်သို့ လျှပ်စစ်ဓာတ်အားပို့လွှတ်သည့် ဓာတ်တိုင်ရှိ ထရန်စဖော်မာ မိန်းဘုတ်ခုံအတွင်း ဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းသဖြင့် အနီးအနားပြည်သူများက မီးသတ်ဦးစီးဌာနသို့ အချိန်မီအကြောင်းကြားနိုင်ခဲ့ကာ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ဦးစီးမှူး ဦးအောင်ငြိမ်းဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးငြှိမ်းသတ်ယာဉ်များ လာရောက်ငြိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီခွဲခန့်တွင် မီးငြိမ်းခဲ့သည်။
မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ထရန်စဖော်မာ မိန်းဘုတ်ခုံမီးလောင်ပျက်စီးခဲ့ရပြီး ဘဏ်အတွင်းသို့ ကူးစက်လောင်ကျွမ်းမှုမရှိကြောင်း၊ ပျက်စီးသွားသည့် ထရန်စဖော်မာမိန်းဘုတ်ခုံအား မြို့နယ်လျှပ်စစ်ဓာတ်အားပေးဌာနမှ တာဝန်ရှိသူများက အချိန်မီ ပြန်လည်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)


