ပုဏ္ဏားကျွန်း၊ ၂၆ မေ
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်လုံးကျွတ် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ၊ ကျောင်းသား/ကျောင်းသူများအား မေ ၂၄ ရက်မှ ၃၁ ရက်ထိ နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။
ထိုသို့ကျောင်းအပ်လက်ခံရာတွင် မည်သည့်အခကြေးငွေများ ကောက်ခံမှုများမရှိသည့်အပြင် နိုင်ငံတော်မှ ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပန်၊ ခဲတံ၊ နှာခေါင်းစည်း(Mask)၊ မျက်နှာကာ Face Shield တို့ကို ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ထောက်ပံ့ပေးသည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၉၉)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ကျောင်း (၅)ကျောင်း၊ ကိုယ်ပိုင်ကျောင်းရှိပြီး ၂၀၂၁ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့မှစ၍ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)


