ရမ်းဗြဲ၊ ၂၆ မေ
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၁ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေ ၂၆ ရက်နံနက်ပိုင်းမှစတင်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာတွင် ၂၀၂၀ ပြည့်နှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ပြေကျေအောင် ပြန်လည်ပေးဆပ်ခဲ့ကြသည့် ကျေးရွာအုပ်စု (၃)စုမှ တောင်သူ (၃၈)ဦးအတွက် ချေးငွေ ကျပ် ၃၁၃ သိန်း ၅ သောင်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်က မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူ (၉၀၃၈)ဦးမှ စိုက်ဧက (၃၁၁၅၃)ဧကအတွက် ချေးငွေစုစုပေါင်း ၄၆၇၂၉ ဒသမ ၅၀ သိန်းကို ထုတ်ချေးပေးခဲ့ရာ ယခုနှစ်တွင်လည်း ယခင်နှစ်အတိုင်း မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို လျာတားထားရှိပြီး ၂၀၂၀ ပြည့်နှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ပြေကျေအောင် ပြန်လည်ပေးဆပ်သည့် ကျေးရွာ၊ အုပ်စုများမှ တောင်သူများကို ယခုနှစ်အတွက် ဆက်လက်ထုတ်ချေးပေးသွားရန် စီစဉ်ထားရှိကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)


