ရမ်းဗြဲ၊  ၂၇  မေ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ရမ္မာဝတီရိုးရာလှီ(လှေ)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရမ္မာဝတီရိုးရာလှီ (လှေ)ပြိုင်ပွဲ ကျင်းပရာနေရာဖြစ်သော ရမ်းဗြဲမြို့လယ်မှ ဖြတ်သန်းစီးဆင်းနေသော တန်းချောင်းလှီ(လှေ)ပြိုင်ရာနေရာတွင် ကျင်းပရာ ပြိုင်ပွဲဝင်လှေအသင်းပေါင်း ၂၀ သင်းပါဝင်ယှဉ်ပြိုင်ကြသည်။

ထိုသို့ကျင်းပကြရာ ရှေ့ဦးစွာ ပြိုင်ဝင်လှေအသင်များမှ တာလွှတ်ရာနေရာမှ ပြိုင်ပွဲကျင်းပရေး ဗဟိုကော်မတီ မဏ္ဍပ်ရှေ့သို့ လှော်ခတ်နေရာယူကြပြီးနောက် လှေပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးဘလှက အဖွင့်အမှာစကားပြောကြားပြီး  လှေပြိုင်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင် ဦးထွန်းနိုင်က လှေပြိုင်ပွဲကျင်းပရခြင်း၏ အားနည်းချက်၊ အားသာချက်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ရခိုင်ရိုးရာ မင်္ဂလာစည်တော်အဖွဲ့မှ စည်တော်များတီးခတ်ပေးပြီး ရမ္မာဝတီရိုးရာလှေပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို လှေပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးဘလှ၊ ရမ်းဗြဲမြို့နယ်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်နိုင်စိုးနှင့် လှေပြိုင်ပွဲ ကျင်းပရေးကာ်မတီ အဖွဲ့၀င် ဦးအောင်မင်းဆွေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ဆက်လက်ပြီး လှေပြိုင်ပွဲကိုဆက်လက်ကျင်းပကြရာ ယနေ့တွင် ဒုတိယ(တန်း)အဆင့်မှ လှေများ ဖြစ်ကြသည့် ပြိုင်ပွဲဝင်လှေ အသင်း (၁၁)သင်းတို့မှ ယှဉ်ပြိုင်လျှက်ရှိပြီး ညနေပိုင်းနှင့်ညပိုင်း တို့တွင်လည်း ရခိုင်ရိုးရာကျင်ပွဲ ဇာတ်သဘင်တို့ဖြင့် ဆက်လက်ဖျော်ဖြေကြမည် ဖြစ်ကြောင်း သိရသည်။

အောင်နိုင် (ပြန်/ဆက်)

mdn