မေ ၂၇
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဂျိုစီမြို့တွင် အလုပ်သမားသမဂ္ဂ အစည်းအဝေး ပြုလုပ်ရန်အတွက် အလုပ်သမားများစွာ စုရုံးရောက်ရှိနေသည့် ရထားပြုပြင်ထိန်းသိမ်းရေး အဆောက်အအုံ တစ်ခုအတွင်း ယမန်နေ့မနက်ပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။
သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူ ရှစ်ဦး သေဆုံးခဲ့သည်။ ယင်းသေနတ်သမားလည်း သေဆုံးသွားခဲ့သည်။
ထိုသံသယရှိသူသေနတ်သမားသည် ရထားပြုပြင်ထိန်းသိမ်းရေးအလုပ်သမားတစ်ဦး ဖြစ်သည်။
ထိုသေနတ်သမားသည် သူ၏နေအိမ်ကိုလည်း မီးရှို့ခဲ့သည်ဟု ဒေသမီဒီယာက ဖော်ပြထားသည်။ ယင်းသို့ ပစ်ခတ်မှုဖြစ်ပွားရခြင်း အကြောင်းရင်းကို ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။
ဆန်ဂျိုစီမြို့သည် နည်းပညာကုမ္ပဏီများ အခြေစိုက်ရာ ဆီလီကွန်တောင်ကြား၏ ဗဟိုချက်နေရာတွင် ရှိသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ထုတ်ပြန်ကြေညာချက်တွင် ပိုမိုတင်းကျပ်သည့် သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ရေးဆိုင်ရာ ဥပဒေများ လိုအပ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
ဘိုင်ဒင်က အမေရိကတွင် သေနတ်ဖြင့်အကြမ်းဖက်တိုက်ခိုက်မှု အဆုံးသတ်ရေး ချက်ချင်းကူညီဆောင်ရွက်ရန် ကွန်ဂရက်ကို တိုက်တွန်းပြောကြားသွားမည်ဟု ဆိုသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို
