ရမည်းသင်း၊ ၂၇   မေ   

၂၀၂၁ ခုနှစ် မိုးရာသီ သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေ ထုတ်ပေးခြင်းကို ရမည်းသင်းမြို့ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် မေ ၂၆ ရက် နံနက်(၁၀)နာရီက တောင်သူများအား  စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ စိုက်ပျိုးစရိတ်ထုတ်ချေးပေးရာတွင် ရမည်းသင်းမြို့နယ် အင်ကြင်းကန် ကျေးရွာ အုပ်စုများမှ တောင်သူ(၂၈)ဦးတို့၏ စပါးစိုက်ဧက(၁၄၆)ဧက ကို မိုးရာသီ သီးနှံစိုက်ပျိုးစရိတ် ဘဏ်ချေးငွေကျပ် (၂၁၉)သိန်းကို တောင်သူလက်ဝယ်အရောက် ထုတ်ပေးခဲ့ပေးကာ စပါးသီးနှံ တစ်ဧကအတွက် ကျပ်တစ်သိန်းငါးသောင်း ထုတ်ပေးကြောင်း သိရသည်။

ဆက်လက်၍ ရမည်းသင်းမြို့နယ်အတွင်း ကျေးရွာအုပ်စု(၆၅)အုပ်စုမှ ၂၀၂၀ပြည့်နှစ် စိုက်ပျိုး စရိတ်ချေးငွေများ ပြန်လည်ပေးဆပ်သည့် တောင်သူများအား ထုတ်ချေးပေးသွားမည်ဖြစ်၍ ယခုအခါ တောင်သူများမှ လာရောက်ပေးဆပ်လျက်ရှိကြောင်း မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိသူထံမှ သိရသည်။

(ခရိုင်ပြန်/ဆက်)