နတ်မောက်၊ ၂၇ မေ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် န/လက္ခုပ္ပင်ကျေးရွာအုပ်စု န/လက္ခုပ္ပင်ကျေးရွာတွင် မေ ၂၆ ရက် ည ၆ နာရီခန့်က လျှပ်စစ်မီးရရှိ၍ လမ်းမီးများ စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာတွင် NEP Phase -1 (အစားထိုး) အစီအစဉ်ဖြင့် ၁၁ ကေဗွီလိုင်း (၁ ဒသမ ၅၅ ) မိုင်၊ ၁၁/ ၀ ဒသမ ၄ ကေဗွီ (၂၀၀) ကေဗွီအေ ထရန်စဖော်မာ (၂)လုံး တိုးချဲ့တည်ဆောက်ပြီး ကျေးရွာမီးလင်းရေး ကော်မတီမှ ၄၀၀ ဗို့လိုင်း (၂ ဒသမ ၅) မိုင် တည်ဆောက်ပြီး ဖြစ်ပါ၍ မေ ၂၆ ရက် ည ၆ နာရီခန့်က ကျေးရွာတွင်း လမ်းမီးပွင့် (၁၁၀) ပွင့်အား ဓာတ်အားစတင်ပေးခဲ့သည်။

ဆက်လက်ပြီး အိမ်ထောင်စု (၅၀၀)နှင့် အ.ထ.က(ခွဲ) ကျောင်း၊ ကျေးလက်ကျန်းမာရေး ဆေးပေးခန်းနှင့် ဘုန်းတော်ကြီးကျောင်း (၃)ကျောင်းတို့အတွက် ဓာတ်အားချိတ်ဆက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မှူးထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)

mdn