ရန်ကင်း ၂၈ မေ
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၂၀ တွင် ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများ အေးချမ်းစွာ ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ် လက်ခံဆောင်ရွက်ပေးနေမှု အခြေအနေများအား မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းရည်မွန်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၂၀ တွင် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်လက်ခံရာတွင် မေလ ၂၇ ရက်ထိ အထက်တန်း (၁၇၈) ဦး၊ အလယ်တန် း( ၄၄၆) ဦး၊ မူလတန်း (၄၄၇) ဦး စုစုပေါင်း ( ၁၀၉၁) ဦးရှိပြီးကျောင်းအပ်နှံရာတွင် မည်သည့် အခကြေးငွေမှ ကောက်ခံခြင်းမရှိဘဲ ကျောင်းသုံး ပြဋ္ဌန်းစာအုပ် ၊ ဗလာစာအုပ်၊ ဘောပင်/ခဲတံ၊ နှာခေါင်းစည်း ( Mask )နှင့် မျက်နှာကာ (Face shield) တို့ကို နိုင်ငံတော်မှ (အခမဲ့) ထောက်ပံ့ပေးလျက် ရှိကြောင်း သိရရှိသည်။
လှလှထွေး(ပြန်/ဆက်)



