တနင်္သာရီ  ၂၈   မေ 

တနင်္သာရီမြို့နယ်၊ တကူ (စံပြ) တိုက်နယ်ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူ (၉) ဦးအထိ ရှိလာပြီဖြစ်သဖြင့် ကိုဗစ် -၁၉ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ Quarantine Center များကို ကြိုတင်ပြင်ဆင် ထားရှိရေးအတွက် မေ ၂၇ ရက် မွန်းတည့် ၁၂ နာရီမှ ည နေ ၄ နာရီအထိ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး (ကိုယ်စား) မောတောင်မြို့ (၁၆) ခုတင်ဆံ့ တိုက်နယ်ဆေးရုံ တာဝန်ခံ ဆရာဝန် ဒေါက်တာ သီဟအောင်တို့က ကွင်းဆင်းကြည့်ရှု၍ ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် လိုအပ်သည်များအား ကြိုတင်ပြင်ဆင် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။ 

ယင်းသို့ ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးနှင့် အဖွဲ့သည် တကူ (စံပြ) တိုက်နယ် ဆေးရုံတာဝန်ခံ ဆရာဝန် ဒေါက်တာဖြိုးမြင့်ကြည်၊ တကူကျေးရွာအုပ်စုနှင့် သာရဘွင်ကျေးရွာမှ တာဝန်ရှိသူများနှင့်အတူ  တကူ (စံပြ) တိုက်နယ် ဆေးရုံဝင်းအတွင်းရှိ ဇီဝိတဒါန သံဃာဆောင်ထဲ၌ ပိုးတွေ့ရှိလူနာ (၉) ဦးထားရှိမှု အခြေအနေ၊ တကူ(စံပြ)တိုက်နယ်ဆေးရုံ ဝန်ထမ်းအိမ်ရာအတွင်း အနံ့ပျောက်သူ (၇) ဦးကို (Facility Quarantline ) အသွားအလာ ကန့်သတ်ထားရှိမှု အခြေအနေ၊ သာရဘွင်အ​ရှေ့ကမ်း​ ကျေးရွာရှိ ပိုး​တွေ့သူနှင့် ဆက်စပ်​နေအိမ်များအား ( Home Quarantine) ကန့်သတ်ထားရှိမှုများအား စစ်​ဆေးခြင်းနှင့် အရေးပေါ်ဆက် စပ်သူများ၊ အနံ့ပျောက် လက္ခဏာများ ဖြစ်ပေါ်လာပါက သာရဘွင် အ​ရှေ့ကမ်းရွာရှိ ခရစ်ယာန်အသင်း​တော်ဘုရား ​ကျောင်းဝင်းအတွင်းတွင် ( Facility Quarantine Center ) အသွားအလာ ကန့်သတ်နယ်မြေ သတ်မှတ်ထားရှိရန်  ကြိုတင်ပြင်ဆင်မှု စစ်​ဆေးခြင်းအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)