နတ်မောက်၊ ၂၈  မေ    

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဗိုလ်တေဇ အားကစားကွင်းနှင့် ဖူဆယ်အားကစားကွင်းတို့တွင် မေလ(၂၂)ရက်မှစတင်၍ နွေရာသီ အားကစား သင်တန်းဖွင့်လှစ်လျက်ရှိသည်။

အဆိုပါသင်တန်းတွင် ဖူဆယ် ကစားနည်းနှင့်ကရာတေးဒို ကစားနည်းများကို သင်တန်းသား ကျား (၃၀)၊ မ (၃) ဦး စုစုပေါင်း (၃၃) ဦးအား သင်တန်းနည်းပြဆရာ (၄) ဦးဖြင့် သင်ကြားပေးလျှက်ရှိပြီး သင်တန်းကို နေ့စဉ် ညနေ ၃ နာရီမှ ၄နာရီခွဲထိ ဖူဆယ်ကစားနည်း ကိုလည်းကောင်း၊ ညနေ (၅) နာရီမှ (၆) နာရီအထိ ကရာတေးဒိုကစားနည်းလည်းကောင်း လက်တွေ့သင်ကြားပေးလျက်ရှိသည်။

သင်တန်းကာလကို မေလ (၂၂) ရက်မှ မေလ (၃၀) ရက်အထိ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့ အနေနဲ့ ယခုလို နွေရာသီအားကစားသင်တန်းတွေ ဖွင့်လှစ်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ မြို့နယ်အားကစားဖွံ့ဖြို့တိုးတက်စေရေး၊ ကျန်းမာကြံ့ခိုင်စေရေးနှင့် ကလေးများအားကစားကို ပိုမိုစိတ်ဝင်စားမှုရှိစေရေး အတွက် ဖွင့်လှစ်ပေးရခြင်းဖြစ်ပါတယ်ဟု” မြို့နယ်အားကစား နှင့် ကာယပညာ ဦးစီးဌာနမှ ဦးစီးအရာရှိ ထံမှသိရသည်။သင်းသင်းမြတ်

(မြို့နယ်ပြန်/ဆက်)