ပွင့်ဖြူ ၂၈ မေ       

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာအုပ်စု၊ ကျွဲတိကျေးရွာ၊ ကံဆွယ်ကျေးရွာအုပ်စု၊  ရွာသာကြီးကျေးရွာနှင့် အနောက်ကိုင်းကျေးရွာအုပ်စု၊ ရွာသစ်ကြီကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၄) လုံး ထိခိုက်ပျက်စီးမှုအတွက်  လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခြင်းကို မေ ၂၈ ရက်၊ ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။

ထောက်ပံ့ငွေပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့်  မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက မိုးဦးကာလများတွင် မိုးသက်လေပြင်းနှင့် အခြားသော သဘာဝဘေးအန္တရာယ်များ ကျရောက်လေ့ရှိသဖြင့် ဘေးအန္တရာယ်ထိခိုက်မှုများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခြင်းများ အလေးထား ဆောင်ရွက်သွားကြရန်နှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက သက်ဆိုင်ရာဌာနများကို အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့သွားရန်တို့ကို ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ် () လုံးအတွက် အိမ်ထောင်စု (၁) စုလျှင် အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေကျပ် ၀၀၀၀ နှုန်းဖြင့် လည်းကောင်း၊ ပြိုကျပျက်စီးသည့် လူနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေကျပ် ၁၀၀၀၀၀ နှုန်းနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးတို့ကို့လည်းကောင်း၊  လေဘေးသင့် အိမ်ထောင်စုဝင် (၂၀) အတွက် စားနပ်ရိက္ခာ ဆန်ဖိုးငွေကျပ် ၄၂၀၀၀ အားလည်ကောင်း လေဘေးသင့် ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး )