စစ်တွေမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲကျင်းပ
စစ်တွေ၊ ၃၀ မေ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စစ်တွေမြို့နယ်ဦးစီးမှူးရုံး၏ “ပန်းခင်း” စီမံချက်အရ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို မေ ၃၀ ရက် နံနက် ၁၁ နာရီက စစ်တွေမြို့နယ် ပါဒလိတ်ကျေးရွာခန်းမ၌ ပေးအပ်သည်။
ရှေးဦးစွာ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရခိုင်ပြည်နယ်ဦးစီးမှူး၊ ဦးစိုးလွင်မှ “ပန်းခင်း” စီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြေားကြားပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပြည်နယ်ဦးစီးမှူး ဦးစိုးလွင်နှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ကြသည်။ ထို့နာက် အခမ်းအနားသို့ တက်ရောက်လာသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့ပြင် စစ်တွေမြို့နယ်အတွင်းရှိ အမျိုးသား ၁၀၆ ဦး၊ အမျိုးသမီ ၉၉ ဦး စုစုပေါင်း ၂၀၅ ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)


