ခေါဇာ၊ ၃၀ မေ

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့၊ ရပ်ကွက် (၂) အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ဒေသခံပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် မေ ၃၀ ရက် နံနက်ပိုင်းက ခေါဇာမြို့ ကျောင်းသစ်ဘုန်းတော်ကြီးကျောင်း၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက်ပေးရာတွင် အသက် (၁၆) နှစ်နှင့် (၁၈) နှစ်အကြား အသက် (၁၈) နှစ်ပြည့်ပြီးသူများကို လည်းကောင်း၊ အိမ်ထောင်စုစာရင်း (မရှိ/ပျောက်ဆုံး) နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပျောက်/ပျက်သူများကို ရေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရေးမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခေါဇာမြို့ရုံး ဝန်ထမ်းများက ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိနေသော ရပ်ကွက်/ကျေးရွာများအား ရပ်ကွက်/ကျေးရွာများအရောက် ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ခေါဇာမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး တာဝန်ရှိသူထံမှ သိရသည်။

 

ညီညီချမ်း(ပြန်/ဆက်)