ဟနွိုင်း ၃၁ မေ

ဗီယက်နမ်နိုင်ငံ၌ အိန္ဒိယဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူများတွင် ဗီဇပြောင်းဗိုင်းရပ်စ်အသစ်တစ်မျိုး စစ်ဆေးတွေ့ရှိရကြောင်း ဗီယက်နမ်ကျန်းမာရေး အာဏာပိုင်များက ယနေ့ ပြောကြားသည်။

အဆိုပါဗိုင်းရပ်စ်၏ မျက်နှာပြင်ပေါ်တွင် သန္ဓေပြောင်း သတ္တဝါတစ်မျိုးကို တွေ့ရှိခဲ့ကြောင်းနှင့် အဆိုပါ သန္ဓေပြောင်းသတ္တဝါများသည် လူသားများသို့ ကူးစက်ရာတွင် အဓိကနေရာမှ ပါဝင်ကြောင်း ကျန်းမာရေးအာဏာပိုင်များက ဆိုသည်။

ယင်းသို့ သန္ဓေပြောင်းလဲသွားသည့် ဗိုင်းရပ်စ်သည် ဗြိတိန်နိုင်ငံ၌ စတင်တွေ့ရှိသည့် ဗီဇပြောင်းဗိုင်းရပ်စ်နှင့် ဆင်တူကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။

ဗီဇပြောင်းဗိုင်းရပ်စ်၏ ကူးစက်မြန်နှုန်းကို မတွက်ချက်နိုင်သေးသော်လည်း အဆိုပါဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူများအား အနီးကပ်စောင့်ကြည့်ရန် လိုအပ်ကြောင်း ဗီယက်နမ်နိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ဗီယက်နမ်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သော်လည်း ယခုနှစ်အစောပိုင်းမှစပြီး ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူများကို စစ်ဆေးတွေ့ရှိခဲ့သည်။ ဧပြီလနှောင်းပိုင်းမှစပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် မြင့်တက်လာကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ၊ ဘာသာပြန် - အောင်ကျော်ကျော်