မြို့သစ်၊ ၃၁ မေ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် မြို့သစ်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မြို့သစ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမတွင် မေ ၃၁ ရက် နံနက် ၉ နာရီက ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ တပ်ရင်းမှူး၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအသီးသီးမှ ကျောင်းအုပ် ဆရာကြီး/ ဆရာမကြီးများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးဆန်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
မြို့သစ်မြို့နယ်အတွင်းတွင် အခြေခံပညာကျောင်းပေါင်း ၁၉၀ နှင့် ဘုန်းတော်ကြီးပညာသင်ကျောင်း ၂ ကျောင်းရှိသည့်အနက် ကျောင်းများအားလုံး ဖွင့်လှစ်နိုင်ရေး၊ ကျောင်းအပ်နှံရေးနေ့ ရက်သတ္တပတ်အတွင်း ကျောင်းအပ်နှံနိုင်ရေး၊ ကျောင်းပရိဘောဂ၊ ကျောင်းသုံးစာအုပ်၊ စာရေးကိရိယာနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများကို အခမဲ့ဖြန့်ဝေပေးမှုများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာယာ၊ လုံခြုံစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပညာရေးဌာန၊ ဌာနဆိုင်ရာများ၊ မိဘပြည်သူများ ဝိုင်းဝန်းပူးပေါင်းမှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဇွန် ၁ ရက်မှစတင်၍ ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)


