မောက်မယ်၊ ၃၁ မေ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများသည် မေ ၂၄ ရက်မှ ၃၀ ရက်အထိ ဟိုနမ့်ကျေးရွာအုပ်စု ထီဟံခွီးကျေးရွာ၊ နောင်တဝပ်ကျေးရွာ၊ ထီဖတ်နမ်ကျေးရွာ၊ ငိုရိန်ကျေးရွာ၊ ထီရိကျေးရွာ၊ ထီဝါးဖေါ့ကျေးရွာ၊ မိုက်ကန်းကျေးရွာနှင့် လွိုင်ခွမ်ရွာဟောင်းကျေးရွာသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အိမ်ထောင်စုဇယားများနှင့် အသက်(၁၈)နှစ်ပြည့်၊ လဲလှယ်၊ မိတ္တူ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိစေရေးအတွက် ဒေသခံတိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ (၁၆၃)ဦး ကွင်းဆင်းပြုလုပ်ပေးခဲ့ပြီး ကျန်ရှိနေသေးသည့် မောက်မယ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများကိုလည်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ ဒုလဝကမှူး ဦးသန့်ဇင်ထံမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)



