စေတုတ္တရာ၊ ၃၁ မေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် နွေစပါးဧက (၉၅၈)ဧကနှင့် နွေနှမ်းဧက (၇၁၄)ဧက စိုက်ပျိုးခဲ့ရာ နွေစပါးနှင့် နွေနှမ်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

ယခုနှစ်နွေရာသီတွင် စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့်များ တောင်သူများလက်ဝယ် ရောက်ရှိရေးနှင့် GAP စနစ်ဖြင့် စိုက်ပျိုးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လာမည့် မိုးရာသီတွင် မိုးစပါး (၅၄၀၁)ဧကနှင့် မိုးနှမ်း (၁၂၀၂၃)ဧကကျော် စိုက်ပျိုးသွားမည်ဖြစ်သည်။

မြို့နယ်(ပြန်/ဆက်)