လိပ်သို၊ ၃၁ မေ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ မီးခတ်ချောင်း သစ်တောဦးစီးဌာန ယာယီပျိုးဥယျာဉ်အနေဖြင့် မိုးရာသီစိုက်ပျိုးနိုင်ရန်အတွက် ကျွန်း၊ မန်ဂျာရှားနှင့် မဟော်ဂနီ စသည့် ပျိုးပင်ပေါင်း (၂၀၀၀၀)ကို ပျိုးထောင်ထားရှိကြောင်း သိရသည်။

လိပ်သိုမြို့ မီးခတ်ချောင်းသစ်တောဦးစီးဌာန ယာယီပျိုးဥယျာဉ်အတွင်း ကျွန်း (၁၀၀၀၀)၊ မန်ဂျာရှား (၈၀၀၀)၊ မဟော်ဂနီ (၂၀၀၀) စုစုပေါင်း ပျိုးပင်ပေါင်း (၂၀၀၀၀)ကို စိုက်ပျိုးပြုစု ပျိုးထောင်ထားရှိပြီး သဘာ၀ပတ်၀န်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတု ပူပြင်းလာခြင်း၊ မိုးခေါင်ခြင်း စသော သဘာ၀ဖြစ်စဉ်များကို  သစ်ပင်စိုက်ပျိုးခြင်းဖြင့် ကာကွယ်သွားနိုင်မည်ဖြစ်၍ ပြည်သူများအနေဖြင့် နှစ်စဉ် မိုးရာသီတွင် သစ်ပင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးပြုစု ထိန်းသိမ်းသွားစေလိုကြောင်း လိပ်သိုမြို့ မီးခတ်ချောင်း သစ်တောဦးစီးဌာန ယာယီပျိုးဥယျာဉ်မှ တောအုပ် ဦးသိန်းထွန်းအောင်က ပြောပြသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)