ဝန်းသို မေ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ညောင်အင်းကျေးရွာတွင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၊ စီမံကိန်းထောက်ပံ့ ငွေကျပ်သိန်း(၁၀၀)ဖြင့် ကျေးရွာတွင်း လမ်းများ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးရွာလူထု လုပ်အားဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် မူလက အရှည်ပေ ၇၀၀၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်ထုဖြင့် ခွင့်ပြုထားသော်လည်း ကျေးရွာမှ စုပေါင်းထည့်ဝင်ငွေများ၊ ကျေးရွာလူထု၏ လုပ်အားပါဝင်မှုများဖြင့် အရှည်ပေ ၁၂၀၀၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်ထိ ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။
ညောင်အင်းကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းမှာ ယခုအခါလုပ်ငန်းအားလုံး၏ ၈၅ ရာခိုင်နူန်းထိ ပြီးစီး နေပြီဖြစ်ကြောင်း၊ အပြီးသတ်လုပ်ငန်းဖြစ်သော လမ်းပခုံးမြေသားဖို့ခြင်းသာ ကျန်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပြီး လုပ်ငန်း အားလုံး ဆောင်ရွက်ပြီးပါက အိမ်ခြေ(၄၁)အိမ်ရှိ လူဦးရေ (၂၂၃)ဦးအတွက် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးစသည့် ကဏ္ဍအသီသီးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
မွှေးကြူဇင်


