မြဝတီ၊ ၁ ဇွန်
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ အခြေခံပညာကျောင်းများတွင် ဇွန် ၁ ရက်မှစတင်ပြီး ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာဖြင့် ကျောင်းတက်လျက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
မြဝတီခရိုင်အတွင်း အ.ထ.က (၁ဝ)ကျောင်း၊ အ.ထ.က-ခွဲ (၉)ကျောင်း၊ အ.လ.က (၈)ကျောင်း၊ အ.လ.က-ခွဲ (၁ဝ)ကျောင်း၊ မူလွန် (၂၁)ကျောင်း၊ အ.မ.က (၃၆)ကျောင်း၊ အ.မ.က-ခွဲ (၈)ကျောင်း၊ ဘက (၅)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၂)ကျောင်း စုစုပေါင်း (၁ဝ၂)ကျောင်းရှိကြောင်း သိရသည်။
ယခု ပညာသင်နှစ်အတွက် မေ ၂၄ ရက်မှ ၃၁ ရက်ထိ ကျောင်းသားပေါင်း (၁ဝဝဝဝ)ကျော် အပ်နှံခဲ့ပြီး ကိုဗစ်ရောဂါ မကူးစက်ရေးအတွက်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိကြောင်း မြဝတီမြို့နယ် ပညာရေးမှူး ဦးမြင့်ဦးထံမှ သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)


