နေပြည်တော် ၁ ဇွန်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ခရိုင်နှင့်မြို့နယ်ဘဏ်ခွဲလေးခုမှ တောင်သူလယ်သမား ဦးကြီးများအတွက် ၂၀၂၁ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို နိုင်ငံတော်မှ အတိုးနှုန်းသက်သာစွာဖြင့် မိုးစပါး တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်း၊ အခြားသီးနှံ တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းနှင့် အတိုးနှုန်း တစ်နှစ်လျှင် ရာခိုင်နှုန်းဖြင့် မေ (၂၆)ရက်မှ စက်တင်ဘာ (၃၀) ရက်အထိ ထုတ်ချေးပေးလျက်ရှိသည်။

၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယခင်နှစ် ၂၀၂၀ မိုးချေးငွေ အကျေပေးဆပ်ပြီးသော တောင်သူဦးကြီးများကို ဦးစားပေး ထုတ်ချေးပေးလျက်ရှိသည်။ ချေးငွေထုတ်ချေး စဉ်ကာလအတွင်း ချေးငွေပေးဆပ်လာသည့် တောင်သူဦးကြီးများကိုလည်း ဆက်လက်ထုတ်ချေးသွားမည်ဖြစ်သည်။

ယနေ့နံနက်ပိုင်းတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ နေပြည်တော်တိုင်းမန်နေဂျာ ဦးသက်ဦးသည် တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့နယ်ဘဏ်ခွဲတွင် ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးသော မကျီးပင်ကျေးရွာအုပ်စု၊ တောင်သူ (၃၄) ဦး၊ လယ်ဧက (၁၃၃) အတွက် ချေးငွေ ငွေကျပ် (၁၉၉ ဒသမ ) သိန်းကို ကိုဗစ် ၁၉ စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးပေးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

သတင်းစဉ်