ပြင်ဦးလွင်၊ ၂ ဇွန်
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်မှ ပင်စုပ်ကျေးရွာ၊ ဘော်ကျေးရွာနှင့် ကျားတွင်းကျေးရွာတို့၌ စက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုကို ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာညိုနှင့် ဝန်ထမ်းများက ဇွန် ၁ ရက် မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆန်းမင်းနှင့် တာဝန်ရှိသူများသည် ပင်စုပ်ကျေးရွာ၊ ဘော်ကျေးရွာနှင့် ကျားတွင်းကျေးရွာတို့၌ စက်ရေတွင်း တူးဖော်ပြီးစီးမှု၊ ရေကန်နှင့် ရေစက်ရုံ တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ယူဆောင်ရွက်သည့် Royal Strength ကုမ္ပဏီတာဝန်ခံက လိုက်လံရှင်းလင်းပြသခဲ့ပြီး ခရိုင်ဦးစီးမှူး ဦးဇေယျာညိုက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြီးစီးရေး ဆွေးနွေးမှာကြားသည်။
အဆိုပါစက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက ပင်စုပ်ကျေးရွာ၊ ဘော်ကျေးရွာနှင့် ကျားတွင်းကျေးရွာတို့မှ ဒေသခံပြည်သူများ သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
မင်းမြင့်မိုရ်(ကျေးလက်)


