ကျောက်တံခါး၊ ၂ ဇွန်
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်နေ့ နံနက်ပိုင်းက စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ကျောင်းသို့လာရောက်ကြသော ကျောင်းသားကျောင်းသူကလေးငယ်လေးများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကျောင်းအဝင်မှစ၍ လက်ဆေးစေခြင်းများ၊ နှာခေါင်းစည်း (Mask) တပ်ဆင်စေခြင်းများ၊ တစ်ဦးနှင့်တစ်ဦးခြား၍ ထိုင်စေရန် ဆောင်ရွက်ပေးထားကြောင်း သိရသည်။
နိုင်ငံတော်မှ အခမဲ့ ဖြန့်ဝေပေးသော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ကျောင်းသုံး စာရေးကိရိယာများ၊ နှာခေါင်းစည်း (Mask) များ နှင့်အခြား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။ ကျောင်းသားကျောင်းသူ ကလေးငယ်များအား မိမိတို့သက်ဆိုင်ရာ အတန်းများအလိုက် ပညာသင်ယူစေပြီး ဆရာ၊ ဆရာမများကလည်း အနီးကပ်ကြီးကြပ်၍ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


