တောင်ကြီး၊ ၂ ဇွန်
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းသည် ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများနှင့်အတူ ဇွန် ၂ ရက်၊ နံနက် ၁၀ နာရီက တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းများဖြစ်သည့် အမှတ်(၁)(၄)(၇)နှင့် အောင်သပြေတပ်ကျောင်း၊ ရွေညောင်အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနေမှုကို သွားရောက်ကြည့်ရှုပြီး အားပေးစကား ပြောကြားခဲ့သည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်း/ အလယ်တန်း/ အထက်တန်းအဆင့် ကျောင်းအပ်နှံသူ ဦးရေ (၇၄၄)ဦး၊ တက်ရောက်သူ (၁၃၈)ဦး၊ ပျက်ကွက် (၆၀၆)ဦး၊ ရာခိုင်နှုန်း (၁၈ ဒသမ ၅၅)၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်း/ အလယ်တန်း/ အထက်တန်းအဆင့် ကျောင်းအပ်နှံသူဦးရေ (၃၅၅)ဦး၊ တက်ရောက်သူ (၁၃၄)ဦး၊ ပျက်ကွက် (၂၂၀)ဦး၊ ရာခိုင်နှုန်း (၃၇ ဒသမ ၇၅)၊ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းတွင် မူလတန်း/ အလယ်တန်း/ အထက်တန်းအဆင့် ကျောင်းအပ်နှံသူဦးရေ (၈၂၇)ဦး၊ တက်ရောက်သူ (၄၃၈)ဦး၊ ပျက်ကွက် (၃၈၉)ဦး၊ ရာခိုင်နှုန်း (၅၂ ဒသမ ၉၆)၊ အောင်သပြေ၊ ခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်း/ အလယ်တန်း/ အထက်တန်းအဆင့် ကျောင်းအပ်နှံသူဦးရေ (၇၉၆)ဦး၊ တက်ရောက်သူ (၆၅၀)ဦး၊ ပျက်ကွက် (၁၄၆)ဦး၊ ရာခိုင်နှုန်း (၈၁ ဒသမ ၆၆)၊ အခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်း/ အလယ်တန်း/ အထက်တန်းအဆင့် ကျောင်းအပ်နှံသူ ဦးရေ (၇၄၄)ဦး၊ တက်ရောက်သူ (၁၃၈)ဦး၊ ပျက်ကွက် (၆၀၆)ဦး၊ ရာခိုင်နှုန်း (၁၈ ဒသမ ၅၅)၊ ရွှေညောင် အခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်း/ အလယ်တန်း/ အထက်တန်းအဆင့်ကျောင်းအပ်နှံသူဦးရေ (၉၁၄)ဦး၊ တက်ရောက်သူ (၈၇၉)ဦး၊ ပျက်ကွက် (၃၅)ဦး၊ ရာခိုင်နှုန်း (၉၆ ဒသမ ၁၇)၊ စုစုပေါင်းကျောင်းအပ်နှံသူ ဦးရေ (၃၆၃၆)ဦး၊ တက်ရောက်သူ (၂၂၃၉)ဦး၊ ပျက်ကွက်သူ (၁၃၉၇)ဦး၊ ရာခိုင်နှုန်း(၆၁ ဒသမ ၅၈)ရှိကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)




