ရန်ကင်း၊ ၂ ဇွန်
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ပရိယတ္တိသာသနာ ထွန်းကားပြန့်ပွားစေရန်ရည်ရွယ်၍ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ရန်ကင်းမြို့နယ်ရှိ သာသနာ့ဗိမာန်၌ ကျင်းပရာကျမ်း ရင်းပါရာဇိကကဏ္ဍ ပါဠိအဋ္ဌကထာ (၂)ဘာသာရပ်အား ဇွန် ၂ ရက် မွန်းတည့် ၁၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ကျင်းပပြုလုပ်ရာတွင် စာမေးပွဲဖြေဆိုသူစာရင်းရှိ သံဃာတော်အပါး (၂၃၅)ပါးရှိရာမှ ဝင်ရောက်ဖြေဆိုသူ သံဃာတော် (၁၄၆)ပါး၊ သီလရှင်စာရင်းရှိ (၁၁)ပါးရှိရာမှ ဝင်ရောက်ဖြေဆိုသူ (၁၀)ပါးရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ်၌ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများကို ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုများကြောင့် ကျင်းပပြုလုပ်နိုင်ခြင်းမရှိခဲ့ရာမှ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းလာသည့်အတွက် ပြန်လည်ကျင်းပခဲ့ရခြင်းဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုနှင့် သာသနာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)


