ကျိန္တလီ၊ ၃ ဇွန်

 

ရခိုင်ပြည်နယ်၊ ကျိန္တလီမြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယသုံးလပတ် လူမှုရေးပင်စင်ထောက်ပံ့ငွေကို ဇွန် ၃ ရက် နံနက် ၉ နာရီက မြို့ပေါ် သုံးရပ်ကွက်မှ အုပ်ချုပ်ရေးမှူးနှင့် အထောက်အကူပြု အဖွဲ့တို့က ဘိုးဘွားများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။

3mdn

 

ထိုသို့ ပေးအပ်ရာတွင် အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးက သက်ကြီးဘိုးဘွား တစ်ဦးလျှင်ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ၂၃ ဦးအတွက် ငွေကျပ် ၆၉၀၀၀၀ အားလည်းကောင်း၊ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးက သက်ကြီးဘိုးဘွား တစ်ဦးလျှင်ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ၃၁ ဦးအတွက် ငွေကျပ် ၉၃၀၀၀၀ အားလည်းကောင်း၊ အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးက သက်ကြီးဘိုးဘွားတစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ၁၆ ဦးအတွက် ငွေကျပ် ၄၈၀၀၀၀ အားလည်းကောင်း ဘိုးဘွားများလက်ဝယ်အရောက် အသီးသီး ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

 

ကျိန္တလီ(ပြန်/ဆက်)