မုဒုံ၊ ၃ ဇွန်
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများအား ဇွန် ၁ ရက်မှစ၍ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
မုဒုံမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၀၂)ကျောင်းရှိပြီး ဇွန် ၁ ရက်ထိ မူလတန်း (၈၁၇၄)ဦး၊ အလယ်တန်း (၄၀၀၆)ဦးနှင့် အထက်တန်း (၇၉၃)ဦး စုစုပေါင်း (၁၂၉၇၃)ဦး ကျောင်းအပ်နှံလျက်ရှိကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
ထို့ပြင် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ ဆရာမများက ကျောင်းသား/ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးပြီး ကျောင်းများလုံခြုံရေးနှင့် ကျောင်းသား ကျောင်းသူများ လုံခြုံရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျောင်းကော်မတီဝင်ပြည်သူများက ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


