မိုင်းယောင်း၊ ၃ ဇွန်
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့ရှိ နမ့်ယောင်းချောင်းတွင် စနေနေ့၊ တနင်္ဂနွေနေ့ ရုံးပိတ်ရက်များနှင့် အများပြည်သူဆိုင်ရာ အလုပ်အားလပ်ရက် ကာလများတွင် အပူရှောင်သူများ၊ အပန်းဖြေသူများ ကားကြီးကားငယ်များဖြင့် လာရောက်အပန်းဖြေကြပြီး ယခင်နှစ်ကထက် ပိုမိုစည်ကားလျက်ရှိကြောင်း တွေ့ရသည်။
ဝမ်တောင်းကျေးရွာနှင့် တာလုတ်ကျေးရွာ နံဘေးရှိ နမ့်ယောင်းချောင်းတစ်လျှောက်တွင် အပူရှောင်သူများ၊ အပန်းဖြေသူများ များပြားသလို မုန်းလိုက်ကျေးရွာအနီးရှိ မုန်းလိုက်ဆည်၊ ကော့ခွယ်ကျေးရွာအနီးရှိ နမ့်ယောင်းချောင်းကူး ကြိုးတံတားနှင့် မြို့နယ်အတွင်းရှိ တန်ခိုးကြီး သမိုင်းဝင် စေတီမြတ်များကိုလည်း လာရောက်ဖူးမြော်ကြည်ညိုသူ၊ ကုသိုလ်ယူကြသူ၊ အေးမြသော ဘုရားရိပ် ခိုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း


