နေပြည်တော်၊ ၃ ဇွန်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် ရထားစီးခရီးသွား မိဘပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ရထားလမ်းပိုင်းအသီးသီးတွင် ရထားများ ပြန်လည်ပြေးဆွဲပေးလျက်ရှိရာ ယခုထပ်မံ၍ မော်လမြိုင် - ရေး လမ်းပိုင်း၌ အမှတ် (၁၇၁) အဆန်၊ အမှတ်(၁၇၂)အစုန် လူစီးကုန်တင်ရထားကို ဇွန် ၆ ရက်မှစ၍ ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်သည်။
အမှတ်(၁၇၁)အဆန် လူစီးကုန်တင်ရထားသည် မော်လမြိုင်ဘူတာမှ နံနက် ၇ နာရီ ထွက်ခွာ၍ ရေးဘူတာသို့ မွန်းလွဲ ၂ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။ အဆိုပါလူစီးကုန်တင် ရထားကို ဇွန် ၇ ရက် တွင်အမှတ် (၁၇၂)အစုန်ရထားအဖြစ် ရေးဘူတာမှနံနက် ၇ နာရီ ထွက်ခွာ၍ မော်လမြိုင်ဘူတာသို့ မွန်းလွဲ ၂ နာရီတွင် ရောက်ရှိမည်ဖြစ်ပြီး အစုန်တစ်ရက်၊ အဆန်တစ်ရက် ပြေးဆွဲပေးရန် စီစဉ်ထားရှိပြီးဖြစ်သည်။
တွဲဖွဲ့ဆင်မှုမှာ ရိုးရိုးတန်း သုံးတွဲ၊ လပ်ဂိတ် တစ်တွဲ၊ ဘရိတ်တွဲတစ်တွဲ၊ စုစုပေါင်း ငါးတွဲဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ဘူတာစဉ်ရပ်တန့်ပေးမည်ဖြစ်ပြီး မိဘပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် သက်ဆိုင်ရာဘူတာအသီးသီးတွင် ကြေညာထားပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


