ကျွန်းလှ၊ ၄  ဇွန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၌ အားကစားကဏ္ဍ ဖွံ့ဖြိုး တိုးတက်ပြီး မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန်အတွက် မိုးလုံလေလုံ အားကစားခန်းမ တည်ဆောက်လျက်ရှိရာ ယခုအခါ (၃၈)ရာခိုင်နှုန်း ပြီးစီးကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်းက ပြောသည်။

ထိုမိုးလုံလေလုံအားကစားခန်းမ (အလျား၁၂၀× အနံ၉၀× အမြင့်၃၆)ပေ တည်ဆောက် ခြင်းကို  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ပြည်ထောင်စုခွင့်ပြုငွေ ကျပ်(၂၉၆ဒသမ၁)သန်းဖြင့် တင်ဒါအောင် သီဟပိုင် ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါအားကစားခန်းမအား စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်းပြီးစီးရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အရည်အသွေးစစ်ကော်မတီ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့်တာဝန်ရှိသူတို့က ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)