မင်းလှ၊ ၄   ဇွန် 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ သာယာဝတီခရိုင်လူမူဝန်ထမ်းရုံးက ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ဇွန်လ ၃ ရက် မွန်းလွဲ ၁ နာရီက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးသင်တန်း ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန သာယာဝတီခရိုင် လူမှုဝန်ထမ်းရုံးမှ တာဝန်ခံဦးစီးအရာရှိ ဒေါ်မြတ်မြတ်စိုးက  သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက်မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအဖွဲ့ဝင် မြို့နယ် ဥပဒေအရာရှိ ဒေါ်အိအိမြင့်အောင်က ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေ၊ ရည်ရွယ်ချက် (အခန်း၂ ပုဒ်မ ၄)၊ အခန်း(၇) ကလေးသူငယ်၏ အခွင့်အရေးများ ပုဒ်မ ၁၈ မှ ၂၄ နှင့် စသည့်အခန်းကဏ္ဍများကို မွန်းလွဲ ၁ နာရီမှ ၃ နာရီထိဆွေးနွေးပို့ချသင်ကြားပေးခဲ့သည်။

အဆိုပါသင်တန်းကို ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများ နှင့် စာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များစုစုပေါင်း(၃၅) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)