ရန်ကုန်၊ ၄ ဇွန်
မြန်မာနိုင်ငံတွင် အရည်အသွေးကောင်း မျိုးကောင်းမျိုးသန့် စပါးများအား ရွေးချယ် စိုက်ပျိုးပြီး ပြည်တွင်းစားသုံးမှု ဖူလုံစေရန်နှင့် ပိုလျှံစပါးများအား ပြည်ပသို့ တင်ပို့ကာ နိုင်ငံခြားဝင်ငွေရရှိစေရေး စိုက်ပျိုးရေးဦးစီးဌာနမှ အောင်ရွက်လျက်ရှိသည်။
ရန်ကုန်တောင်ပိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၁ ခုနှစ်အတွင်း တောင်ပိုင်းခရိုင်ရှိ မြို့နယ်များတွင် မိုးစပါး ၈၀၁၈၄၃ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း မိုးစပါးစိုက်ပျိုးမှုအနေဖြင့် သန်လျင်မြို့နယ်တွင် ၅၉၇၇၃ ဧက၊ ကျောက်တန်းမြို့နယ်၌ ၁၀၇၉၃၄ ဧက၊ တံတားမြို့နယ်တွင် ၅၀၀၇၃ ဧက၊ သုံးခွမြို့နယ်၌ ဧက ၁၅၃၅၈၀၊ ခရမ်းမြို့နယ်၌ ၁၁၀၆၄၂ ဧက၊ တွံ့တေးမြို့နယ်တွင် ၈၂၀၃၂ ဧက၊ ကော့မှူးမြို့နယ်၌ ၈၈၀၉၇ ဧက၊ ကွမ်းခြံကုန်းမြို့နယ်တွင် ၁၀၂၃၈၃ ဧက၊ ဒလမြို့နယ်၌ ၄၆၇၄၂ ဧကနှင့် ရန်ကုန်မြို့မတွင် ၅၈၇ ဧကအပါအဝင် စုစုပေါင်း မိုးစပါး ၈၀၁၈၄၃ ဧကအား လျာထားစိုက်ပျိုးသွားမည်ဖြစ်ပြီး လက်ရှိတွင် အဆိုပါမြို့နယ်များ၌ မိုးစပါးဧက ၂ သောင်းကျော်စိုက်ပျိုးထားပြီးဖြစ်ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)


