ရန်ကုန်၊ ၄ ဇွန်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်နိုင်စေရန်ရည်ရွယ်၍ ဇွန် ၃ ရက်နေ့ နံနက်ပိုင်းက ထိုးနှံပေးလျက်ရှိရာ အင်းစိန်မြို့နယ်၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လူဦးရေ စုစုပေါင်း (၃၅၀၀)ကျော်အား ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးရာတွင် အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယမြို့နယ် ကျန်းမာရေးမှူး(စီမံ/ဘဏ္ဍာ)မှ ဒေါက်တာ မိုးမိုးမြင့်နှင့်ဝန်ထမ်းများက မတ်လ(၉)ရက်နေ့မှ စတင်၍ နေ့စဉ်ထိုးနှံ ပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ရပ်ကွက်နေပြည်သူ လူဦးရေ စုစုပေါင်း (၃၅၀၀)ကျော်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့် အညီ ထိုးနှံပေးပြီဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)