နမ္မတူ၊ ၄ ဇွန်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ မေလ(၂၄)ရက်နေ့တွင် နမ္မတူမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ပန်ဟိုက်ရပ်ကွက်ရှိ အမိုးလန် ပျက်စီးခဲ့ သည့် လူနေအိမ် (၃၈)လုံးအတွက် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဇွန် ၄ ရက် နံနက် (၁၁)နာရီခန့်က ဆောင်ရွက်ခဲ့သည်။

ထို့သို့ ထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဝင်းမင်းထွန်းနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ခံဒေါ်မြတ်သူနှင်းတို့က ပြိုကျပျက်စီး ခဲ့သည့် လူနေအိမ်(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံငွေကျပ် (၅၀၀၀၀၀)နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၇)မျိုးပါ ပလတ်စတစ်ပုံး (၅)ပုံးအားလည်းကောင်း၊ အမိုးလန် ပျက်စီး ခဲ့သည့် လူနေအိမ် (၃၃)လုံးအတွက်  အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၂၉၇၀၀၀၀)နှင့် လူဦးရေ (၁၉၁)ဦး တို့အတွက်   တစ်ပတ်စာဆန်ဖိုး ရိက္ခာငွေကျပ် (၄၀၁၁၀၀)အား လည်းကောင်း၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် (၃၈၇၁၁၀၀)အား ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

(မြို့နယ်ပြန်/ဆက်)

MDN