ဝန်းသို ၆ ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးရွာလူထု အခြေပြုစနစ်ကို အသုံးပြု၍ နောင်ကွင်းကျေးရွာ၊ မအူတောကျေးရွာ၊ နမလင်ကျေးရွာနှင့် ပုတိမ်ကုန်း ကျေးရွာတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကျေးရွာများအနက် ကျောက်ရောမြေ၊ ဂျင်းမြေ၊ ချောင်းသဲကျောက်ခင်းခြင်း လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းများကို ကျေးရွာ (၄) ရွာတွင် အရှည်ပေ ၃၅၀၀၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မ ဆောင်ရွက်ရန် ခွင့်ပြုထားသော်လည်း ကျေးရွာလူထု၏ ထည့်ဝင်ငွေများ၊ ကျေးရွာသူ/ ကျေးရွာသားများ၏ လုပ်အားပါဝင်မှုများကြောင့် နောင်ကွင်းကျေးရွာတွင် ချောင်းသဲကျောက်ခင်းခြင်း လုပ်ငန်းကို ပေ ၆၀၀၀ ထိလည်းကောင်း၊ မအူတောကျေးရွာတွင် ကျောက်ရောမြေခင်းခြင်း လုပ်ငန်းကို ပေ ၅၃၀၀ ထိလည်းကောင်း၊ နမလင်ကျေးရွာတွင် ဂျင်းမြေခင်းခြင်း လုပ်ငန်းကိုပေ ၆၀၀၀ ကျော်ထိလည်းကောင်း၊ ပုတိမ်ကုန်းကျေးရွာတွင် ကျောက်ရောမြေခင်းပြီး ဂျင်းထပ်ပို ခင်းခြင်းလုပ်ငန်းကို ပေ ၆၀၀၀ နီးပါးအထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

ဝန်းသိုမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကို ထပ်တိုးကျေးရွာအပါအဝင် ကျေးရွာပေါင်း (၂၃) ရွာ၌ အကောင်အထည်ဖော်လျက် ရှိရာ ရွာတွင်းကွန်ကရစ်လမ်း (၁၁) ခု၊ ကျောက်ရောမြေ/ ဂျင်းမြေ/ ချောင်းသဲကျောက်ခင်းခြင်း လုပ်ငန်း (၅) ခု၊ ဘက်စုံသုံးခန်းမ (၁) ခု၊ စာသင်ကျောင်း ဆောက်လုပ်ခြင်း (၂) ခု၊ ပေ ၈၀ တံတားကြီး (၁) စင်း၊ မီးလင်းရေးလုပ်ငန်း (၂) ခု၊ ရေရရှိရေးလုပ်ငန်း (၂) ခု စုစုပေါင်း လုပ်ငန်း (၂၄) ခုကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာတစ်ရွာလျှင် သိန်း (၁၀၀) စီ ထောက်ပံ့ပေးပြီး ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်စေခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

 

မွှေးကြူဇင်

 

mdn