ပွင့်ဖြူ ၆ ဇွန်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒေသခံ ကျေးရွာနေပြည်သူများ ကျေးလက်နှင့် မြို့ပြရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် ညောင်လှ - ဆင်စု - ရေချမ်းစင် ကျေးရွာချင်းဆက် လမ်းအား မြေနီလမ်းအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ်ဆောင်ရွက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ် ညောင်လှ - ဆင်စု - ရေချမ်းစင် ကျေးရွာချင်းဆက်လမ်းမှာ အရှည်ပေ 3.218 km ရှိပြီး မိုးတွင်းကာလများတွင် ဒေသခံပြည်သူများ သွားလာရာ၌ အဆင်မပြေမှုများ ကြုံတွေ့နေရသည့်အတွက် ယခုနှစ်တွင် မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၄၆ ဒသမ ၇၅ သန်း ဖြင့် လမ်းအကျယ် 4.8 m မြေနီလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ယခုအခါ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်၍ ဒေသခံပြည်သူများ ကျေးလက်နှင့် မြို့ပြ အဆင်ပြေချောမွေ့စွာ သွားလာ အသုံးပြုနိုင်မည့်အပြင် လယ်ယာမြေများမှ ထွက်ရှိသော ဒေသထွက်ကုန် သီးနှံများ သယ်ယူပို့ဆောင် ရောင်းချရန်အတွက် အကျိုးပြု ပေးနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မိမိလွင်က ပြောသည်။
ရဲဝင်းနိုင် (ညောင်ဦး)


