ကျောင်းကုန်း၊ ၇ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လ ဒုတိယသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲကို ဇွန် ၇ ရက် နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အေးချမ်းသာယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက နိုင်ငံတော်မှ ထောက်ပံ့ပေးနေမှုအပေါ် ရပ်ကွက်ကျေးရွာရှိ သက်ကြီးဘိုးဘွားများ
လက်ဝယ်အရောက် ပို့ပေးစေချင်ကြောင်းပြောကြားခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သက်ထားဦးက လူမှုရေးပင်စင်ပေးအပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် သက်ကြီးဘိုးဘွားတစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀နှုန်းဖြင့် မြို့ပေါ်(၅) ရပ်ကွက် ကျေးရွာ အုပ်စု(၆၅)စုတို့မှ သက်ကြီးဘိုးဘွား (၉၅၇)ဦး အတွက်ငွေကျပ်(၂၈၇)သိန်းကျော်အား ရပ်/ကျေးအုပ်ချုပ်ရေးမှူးတို့ထံပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


