ကျောက်ထု၊ ၈ ဇွန်
ဂန့်ဂေါခရိုင် ကျောက်ထုမြို့တွင် အိမ်ဆောက်လုပ်ငန်းအတွက် လိုအပ်သည့်အုတ်များကို ဒေသတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“အုတ်ဖုတ်လုပ်ငန်းလုပ်တော့ မြေကိုဖွဲကြမ်းနဲ့ရောပြီး အုတ်ခွက်ပုံစံမှာထည့်ကာ ပုံစံရိုက်ရပါတယ်၊ အခြောက်ခံပါတယ်၊ ပုံစံပြုထားတဲ့ အုတ်ချပ်များကို အလုံပိတ်ထားတဲ့ အုတ်ဖိုမှာထင်းမီးနဲ့ အပူပေးရပါတယ်၊ တစ်ပတ်အကြာမှာတော့ မီးကျက်ပြီး အုတ်ချပ်များရပါတယ်” ဟု အုတ်ဖုတ်လုပ်ငန်း ဆောင်ရွက်သူတစ်ဦးက ပြောသည်။
အုတ်ဖုတ်လုပ်ငန်းတွင် လုပ်သားများကို တစ်နေ့ ၃၀၀၀ ကျပ်ဖြင့် ငှားရမ်းကြရသည်။ အုတ်ဖိုတစ်ဖိုတွင် အုတ်ချပ်ရေ တစ်သောင်း ထည့်၍ဖုတ်နိုင်ကြသည်။ အုတ်တစ်ချပ်ကို ဒေသတွင် ၁၅၀ ကျပ်ဖြင့် ရောင်းချကြပြီး လုပ်ငန်းဆောင်ရွက်သူများ မိသားစု အပိုဝင်ငွေရရှိကြကြောင်း သိရသည်။
၁၄၄