နတ်မောက်၊ ၈ ဇွန်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူကြီးများအား ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေ ၂၇ ရက်မှစတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်မှာကြားချက်များနှင့်အညီ ထုတ်ချေးပေးလျက်ရှိသည်။

ဇွန် ၈ ရက် နံနက် ၉ နာရီခွဲတွင် မြို့မအုပ်စု၊ ရှမ်းကုန်းအုပ်စုများမှ ဘဏ်အဖွဲ့ဝင် တောင်သူ(၁၀၆)ဦးသို့ စပါး(၄၂)ဧက၊ နှမ်း(၄၂၆)ဧကအတွက် ချေးငွေပမာဏ ကျပ် ၄၈၉ သိန်း ထုတ်ချေးပေးလျက်ရှိပြီး  ဇွန် ၈ ရက်အထိ ကျေးရွာအုပ်စု()အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူ (၃၀၁)ဦးသို့ စပါး (၅၅)ဧက၊ နှမ်း (၁၆၁၆)ဧကအတွက် ချေးငွေ ကျပ် ၁၆၉၈ ဒသမ ၅၀ သိန်း ထုတ်ချေးပေးပြီးဖြစ်ကြောင်း၊ ထုတ်ချေးရန် ကျန်ရှိနေသော ကျေးရွာအုပ်စုများမှ ၂၀၂၀ မိုးပြေကျေသည့် ဘဏ်အဖွဲ့ဝင် တောင်သူဦးကြီးများအား ဆက်လက်ထုတ်ချေးပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ဖြိုးအိအိဇော်(နတ်မောက်)