ပဲခူး၊ ၈ ဇွန် 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ငါးမွေးမြူခြင်းဆိုင်ရာ အခြေခံဆေးထိုးသားဖောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို  ယနေ့ နံနက်  ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းသင်တန်းကျောင်း၌  ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး  ဦးထွန်းဝင်းမြင့်က ငါးမွေးမြူခြင်းဆိုင်ရာ အခြေခံ ဆေးထိုးသားဖောက်ခြင်း သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြကာ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့  ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ  အကြီးအကဲများနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ    တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ  သင်တန်းသူ /သင်တန်းသား ၃၀ ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ ဇွန် ၈ ရက်မှ ၁၀ ရက်အထိ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးငြိမ်း (ခရိုင် ပြန်/ဆက်)

MDN