သာကေတ၊ ၈ မေ
ရန်ကုန်အရှေ့ပိုင်းခရိုင် သာကေတမြို့နယ်ရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ၂၀၂၁ ခုနှစ် မေ ၃ ရက်မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃ ရက်အထိ ဆောင်ရွက်ရန်လျာထားရာ ယနေ့နံနက် ၁၀ နာရီ၌ မြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးတွင် မြို့နယ်ဦးစီးမှူး ဦးသန်းသန်းဦးကြီးကြပ်၍ ရှု့ခင်းသာရပ်ကွက်မှ ပြည်သူများအား ဆောင်ရွက်ပေးလျက်ရှိကာ ကျန်ရှိသောရပ်ကွက်အလိုက် ပြည်သူများအား ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
အဆိုပါပန်းခင်းစီမံချက်တွင် လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်းရှိပြီး လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူနှင့် လက်ရှိဒေသတွင် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်းဖြစ်သည်။
သာကေတမြို့နယ် (၁၉)ရပ်ကွက်၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ရမည့် အသက်(၁၈)နှစ်ပြည့်သူဦးရေ (၁၁၃၄၃)ဦး၊ အသက်(၁၆)နှစ်နှင့် (၁၈)နှစ်ကြားဦးရေ (၃၀၃၃)ဦး စုစုပေါင်း(၁၄၃၇၆)ရှိကြောင်း မြို့နယ်အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သိရှိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)


