ညောင်ဦး၈ ဇွန်         

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် တောင်ဇင်းကျေးရွာအုပ်စု၊ ကန်နီကြီးတဲတိုက်တွင် ဒေသခံကျေးလက်နေ ပြည်သူများ သောက်သုံးရေ အခက်ကြုံတွေ့နေရကြောင်း သိရ၍ ယနေ့နံနက်ပိုင်းက ပုဂံမြို့၊ ရတနာဘုံစံတောရဓမ္မရိပ်သာ ကျောင်းတိုက်ဆရာတော် အရှင်သာဂရ ဦးဆောင်သော ဖြူစင်မေတ္တာနှင့် သုမင်္ဂလာရေလှူတော်အသင်းက သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

သောက်သုံးရေများ သွားရောက်လှူဒါန်းရာတွင် ပုဂံမြို့၊ ရတနာဘုံစံတောရဓမ္မရိပ်သာ ကျောင်းတိုက်ဆရာတော် အရှင်သာဂရ ဦးဆောင်သော ဖြူစင်မေတ္တာနှင့် သုမင်္ဂလာရေလှူတော်အသင်းမှ ပရဟိတရေလှူအသင်းသားများက ညောင်ဦးမြို့နယ် ကန်နီကြီးတဲတိုက်ရှိ အိမ်ခြေ ၄၃ အိမ် လူဦးရေ ၂၀၀ ကျော်ခန့် သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရန် ရေဂါလန် ၃၀၀၀ အား စနစ်တကျ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ သောက်သုံးရေ ဖြန့်ဝေလှူဒါန်းခြင်းကို ကျေးလက်နေပြည်သူများ သောက်သုံးရေပြတ်လပ်မှု မဖြစ်စေရေး ဆက်လက်ဖြန့်ဝေ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ပရဟိတရေလှူအဖွဲ့မှ နာယကဆရာတော် အရှင်သာဂရက မိန့်ကြား၍ သိရသည်။ 

 

ရဲဝင်းနိုင် (ညောင်ဦး)