ဖားကန့်၈ ဇွန် 

 

ဖားကန့်မြို့နယ်တွင် ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲကို ဇွန် ၇ ရက် မွန်းတည့် ၁၂ နာရီက ဖားကန့်မြို့ ကျောက်စိမ်းတွင်း သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲကျင်းပရာတွင် မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် ကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက COVID-19 စည်းကမ်းချက်များနှင့်အညီ စာဖြေဆို ရဟန်း၊ သာမဏေနှင့် သီလရှင်ဆရာလေးများအား ကြီးကြပ်စောင့်ရှောက်ပေးခဲ့ကြပြီး စာမေးပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းနှင့် အလှူရှင်များမှ လှူဒါန်းငွေကျပ် (၁၂၄)သိန်း (၃)သောင်းအား လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ယင်းနောက် ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲသို့ ရဟန်း၊ သာမဏေ၊ သီလရှင်စာရင်းသွင်း (၁၁၆)ပါး ဖြေဆို  (၉၁)ပါး ပျက်ကွက်(၂၅)ပါးရှိပြီး အဆိုပါစာမေးပွဲကို ဇွန် ၇ ရက်မှ ဇွန် ၁၃ ရက်အထိ‌ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)