ပြည်၊ ၈ ဇွန်
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးဝင်းအတွင်းရှိ ပြည်မူလတန်းကြို ကျောင်းခန်းမ၌ ဇွန် ၇ ရက်က "လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု" အသိပညာပေးသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ ပြည်ခရိုင်အတွင်းရှိ တည်ထောင်ခွင့်ပြုမိန့် မှတ်ပုံတင်ထားသော ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းနှင့် အထူးပညာရေးကျောင်း (မသန်စွမ်း) တို့မှ တာဝန်ရှိသူများ တက်ရောက်ပြီး သင်တန်းတွင် "လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အကြောင်းအရာများကို အသေးစိတ် ရှင်းလင်းဆွေးနွေးပို့ချကြောင်း ခရိုင်လူမှုဝန်ထမ်းရုံးမှ သိရသည်။
ပြည်ခရိုင်(ပြန်/ဆက်)


