ပြည်၊ ၈ ဇွန်
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် မိုးစပါးစိုက်တောင်သူများအတွက် ၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရန် ဧက ၅၄၀၀၀ ကျော် လျာထားကြောင်း မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
မိုးစပါးစိုက်ပျိုးစရိတ် ထုတ်ချေးပေးရာတွင် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း(၆၀)မှ ယမန်နှစ်က ချေးယူထားသော မိုးစပါးစိုက်ပျိုးစရိတ်ဘဏ်ချေးငွေ အကျေဆပ်ပြီးသည့် ကျေးရွာအုပ်စုအလိုက် တောင်သူတစ်ဦးချင်းစီကို တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် ထုတ်ချေးပေးမှာဖြစ်ပြီး ပြည်မြို့နယ်အနေဖြင့် ၂၀၂၁ ခုနှစ်တွင် မိုးစပါးစိုက်ဧက (၅၄၅၀၀)ဧက အတွက် စိုက်ပျိုးစရိတ်ချေးငွေ ငွေကျပ်သိန်းပေါင်း (၈၁၇၅၀)ထုတ်ချေးပေးရန် လျာထားကြောင်းနှင့် ၂၀၂၁ ခုနှစ် ဇွန် ၄ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် သခွပ်စောက်အုပ်စု၊ ရွာမကြီးအုပ်စုနှင့် ပျဉ်းမအိုင်ကျေးရွာအုပ်စုတို့မှ တောင်သူစုစုပေါင်း (၁၅)ဦး၏ မိုးစပါးစိုက်ဧက စုစုပေါင်း(၁၃၂)ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်း ကျပ်(၁၉၈)သိန်း ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း ပြည်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
ပြည်ခရိုင်(ပြန်/ဆက်)


