နောင်ချို၊ ၈ ဇွန်

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ မိုးရာသီ စိုက်ပျိုးရေးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး၌ ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေ ၂၆ ရက်မှ စတင်ထုတ်ချေးပေးခဲ့ပြီး ယနေ့ထိ ကျေးရွာအုပ်စု ()အုပ်စုသို့ ငွေကျပ် ၅၇၈၀၀၀၀၀ ထုတ် ချေးပြီးဖြစ်ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ နောင်ချိုမြို့နယ်ရှိ ကျေးရွာအုပ်စု ၂၈ အုပ်စုသို့ ငွေကျပ်သိန်း ၁၂၀၀၀ ကျော်ကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရှိရသည်။           

ထွေးငယ်(ပြန်/ဆက်)